
ဥက္ကံမြို့မှာ ဒီကနေ့မနက်ကစလို့ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်မ်တွေကြား ပဋိပက္ခတွေဖြစ်နေပါတယ်။
မွတ်စလင်မ် တွေပိုင်တဲ့ဈေးဆိုင် တွေကို လူအုပ်ကြီးက ဖျက်ဆီးခဲ့ကြောင်းနဲ့
ပြည်လမ်းမပေါ်မှာရှိတဲ့ ဗလီ တစ်လုံးပျက်စီး သွားကြောင်း ဥက္ကံမြို့ခံတွေက ပြောပါတယ်။
အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတစ်ကျောင်း လဲဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ် ။ သေနတ်ပစ်ဖေါက်သံတစ်ချို့လည်း ကြားရတယ်လို့ ဆိုပါတယ်။
ဒီကနေ့မနက်ပိုင်းက ဆွမ်းခံကြွတဲ့ ကိုရင်လေးတစ်ပါးနဲ့ အစ္စလာမ်ဘာသာဝင်အမျိုးသမီး တစ်ဦး တိုက်မိရာက အပြန်အလှန်အခြေအတင်စကားများ ကြပြီး လူအုပ်ကြီးတုတ်တွေဆွဲကိုင် လို့ရောက်လာပြီး ဗလီတွေကိုတိုက်ခိုက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
ဈေးပတ်လမ်းက ဗလီရှေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေ က စောင့်ကြပ်ပြီး ကာကွယ် ပေးထာတယ်လို့ အဲဒီနားမှာ နေထိုင်တဲ့မြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဘီဘီစီ
No comments:
Post a Comment