ဥက္ကံ ။ ။ ယနေ့ ဧပြီလ ၃၀ ရက် နေ့လည် ၁ နာရီ ခန့်က ရန်ကုန်တိုင်း ဥက္ကံမြို့ ဈေးဗလီရှိ မွတ်စလင်မ်ပိုင် ဆိုင်ခန်းများအား အကြမ်းဖက်လူတစ်စုမှ ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
ဥက္ကံမြို့ ဈေးဗလီတွင် ရှိသော မွတ်စလင်မ်များပိုင်သည့် ဆိုင်ခန်းများအား အကြမ်းဖက်၍ ၀ိုင်းဝန်းဖျက်ဆီးလိုက်သည့်အတွက် ဆိုင်ခန်း(၅)ခန်း ပျက်စီးသွားသည်ဟု သိရသည်။
ဆိုင်ခန်းများဖျက်ဆီးစဉ်ကတည်းက ရဲများရောက်ရှိလာသော်လည်း ရဲများမှလည်း မထိန်းသိမ်းနိုင်ပဲရှိနေသည်။
မွတ်စလင်မ်များ စိုးရိမ်ထိတ်လန့်နေ၍ အိမ်ထဲမှ မထွက်ဝံ့ကြောင်းလည်း သိရသည်
ဥက္ကံမြို့ ပြဿနာစဖြစ်စဉ်တွင်ပင် ဖုန်းလိုင်းများ ပြတ်တောက်နေမှုဖြစ်ပေါ်ခဲ့ပြီး ပတယ်လီဖုန်းလိုင်းများ ခေါ်ဆိုမရဖြစ်ခဲ့ပါသည်။
နောက်ဆက်တွဲရရှိသည့် သတင်းများကို ထပ်မံဖော်ပြပါမည်။
M-Mediagroup.com
No comments:
Post a Comment